Valentine's Day Campaign by Prudential Myanmar

ချစ်သူများနေ့အထိမ်းအမှတ်ကမ်ပိန်း ပရူဒန်ရှယ်အာမခံ

စည်းမျဉ်းစည်းကမ်းများ

ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ရမည့်အဆင့်များ

  • Facebook campaign ပို့စ်ကို Like လုပ်၊ Public ဖြင့် Share လုပ်ထားပြီး #ExpressYourLoveWithLifeInsurance #PrudentialMyanmar လို့ရေးပြီး မိမိ၏ Facebook timeline တွင်တင်ပေးရမည်။
  • ပို့စ်တွင် ပေးထားသော လင့်ခ်ကိုနှိပ်ပြီး Quiz မေးခွန်းများကို ဖြေဆိုရပါမည်။

 

စည်းမျဉ်းစည်းကမ်းများ

  • Valentine’s Day Campaign (“ကမ်ပိန်း”) ကို ပရူဒန်ရှယ်အာမခံ (“Prudential Myanmar”) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။ ကမ်ပိန်းကာလသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ (မြန်မာစံတော်ချိန်) ၂၃ နာရီ ၅၉ မိနစ်အထိ (“ကမ်ပိန်းကာလ”) ဟု သတ်မှတ်ပါသည်။
  • ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် ပြိုင်ပွဲဝင်များ (“သင်”) အနေဖြင့် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။
  • ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ရမည့်အဆင့်များနှင့် ဆုများ
    • Facebook Campaign ပို့စ်ကို Like လုပ်၊ Publicဖြင့် Share လုပ်ထားပြီး #ExpressYourLoveWithLifeInsurance #PrudentialMyanmar လို့ရေးပြီး မိမိ၏ Facebook Timeline တွင်တင်ပေးရမည်။
    • ပို့စ်တွင် ပေးထား သော လင့်ခ်ကိုနှိပ်ပြီး Quiz မေးခွန်းများကို ဖြေဆိုရပါမည်။
  • မေးခွန်များသည် အသက်အာမခံနှင့်သက်ဆိုင်သော မေးခွန်းများပါ၀င်ပါသည်။ ဆုလက်ဆောင်ကံထူးဖို့ ပါ၀င်ယှဉ်ပြိုင်သူများသည် မေးခွန်းများအားလုံး ဖြေဆိုရန်လိုအပ်ပါသည်။
  • ကမ်ပိန်းကာလအတွင်း ပါ၀င်ယှဉ်ပြိုင်သူများသည် Quiz ကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိပါသည်။
  • ပရူဒန်ရှယ်အာမခံသည် ပါ၀င်ယှဉ်ပြိုင်သူများထဲမှ ကံထူးရှင် (၂၀) ဦး ကို ကျပန်းရွေးချယ်ပြီး ပရူဒန်ရှယ်အာမခံ Facebook Page တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ကြော်ငြာပေးသွားမည်ဖြစ်ပါသည်။ ဆုရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ဖုန်း သို့မဟုတ် Facebook Messenger ဖြင့်ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
  • ဆုရရှိသူများသည် မြန်မာငွေကျပ် ၁၀,၀၀၀ ကျပ်တန် foodpanda Voucher ရရှိမည်ဖြစ်ပြီး foodpanda App တွင် ပြန်လည် အသုံးပြုနိုင်ပါသည်။ ဘောက်ချာကို စတင်ထုတ်ပေးသည့် နေ့မှစ၍ ၁ လအတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး foodpanda မှ ထုတ်ပြန်ထားသော စည်းမျည်းစည်းကမ်းများအားလုံး အကျုံး၀င်ပါသည်။
  • ထို့အပြင် သတ်မှတ်ထားသော ကမ်ပိန်းကာလအတွင်း ပါ၀င်ယှဉ်ပြိုင်သူများသည် ပရူဒန်ရှယ်အာမခံမှ အသက်အာမခံ (PRUScholar သို့မဟုတ် PRUFlexiprotect Plus) တစ်စောင် ၀ယ်ယူသူတိုင်း ပရူဒန်ရှယ်အာမခံမှ Valentine's Day အထူးလက်ဆောင်‌ (မြန်မာငွေကျပ် ၁၀၀,၀၀၀ ကျပ်တန် City Mart Voucher) များ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဆုလက်ဆောင်များကို တန်ဖိုးတူညီသောပစ္စည်းဖြင့် အစားထိုးပြောင်းလဲခွင့်ရှိပါသည်။
  • ရွေးချယ်ခံရသူများအားလုံးသည် ပရူဒန်ရှယ်အာမခံမှ ရွေးချယ်ခံရသူစာရင်း ကြေညာပြီး (သို့) အကြောင်းကြားစာ ပေးပို့ပြီး (၁) ပတ် အတွင်း အကြောင်းကြားရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ကာလအတွင်း အကြောင်းမကြားပါက ဆုလက်ဆောင်အား ရရှိမည်မဟုတ်ပါ။

  • ပရူဒန်ရှယ်အာမခံက ဆုရရှိသူတစ်ဦးချင်းထံသို့  Facebook messenger မှ ဆုလက်ဆောင်များကို ပေးပို့ပေးသွားမည်။ ပရူဒန်ရှယ်အာမခံက ဆုလက်ဆောင်များကို ဆုရရှိသူစာရင်း ကြေညာပြီးသည့်နောက် (၃) လ အတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။

  • ဆုရရှိသူစာရင်း ကြေညာချိန်တွင် public ဆက်တင်ဖြင့် မျှဝေထားသော ပြိုင်ပွဲဝင်ပိုစ့်သည် ဆုရရှိသူ၏ Facebook Timeline တွင် ရှိနေရမည် ဖြစ်သည်။ (အဆိုပါ ကိစ္စရပ်အတွက် ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။) သို့မဟုတ်ပါက သက်ဆိုင်ရာ ဆုရရှိသူများသည် ထပ်မံအကြောင်းကြားမှု တစ်စုံတစ်ရာ ပြုလုပ်ရန်မလိုဘဲ ဆုရရှိရန် သတ်မှတ်ချက်မပြည့်မီဟု ဆုံးဖြတ်နိုင်သည်။ပရူဒန်ရှယ်အာမခံသည် ဆုရရှိသူစာရင်းကြေညာပြီး နောက်ပိုင်းတွင်လည်း ဆုရရှိသူ ရွေးချယ်ခြင်း၊ စိစစ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံ အတည်ပြုခွင့် ရှိသည်။

  • အနိုင်ရရှိသည့် ဆုလက်ဆောင်များအားလုံးကို ငွေသားနှင့် လဲလှယ်ခွင့်မရှိပါ။
  • ပေးအပ်ချီးမြှင့်မည့် ဆုလက်ဆောင်များသည် အခြားမည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။
  • ပရူဒန်ရှယ်အာမခံ မဟုတ်သော အခြားအမှတ်တံဆိပ် သို့မဟုတ် အဖွဲ့အစည်းများက ယခုကမ်ပိန်းတွင် ပါဝင်ပံ့ပိုးပေးထားခြင်း မရှိပါ။
  • ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိဘများ၊ မိတ်ဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များနှင့် အေးဂျင့်များသည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပြိုင်ပွဲဝင်များ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သိုမဟုတ် ကမ်ပိန်းနှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။
  • ဤကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • Valentine’s Day Campaign ပြိုင်ပွဲမှနှုတ်ထွက်လိုသည့် ပြိုင်ပွဲဝင်များသည် အနိုင်ရရှိသူစာရင်း မထုတ်ပြန်မီ ကို ကြိုတင်အကြောင်းကြားရပါမည်။ အကြောင်းကြားလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ ကို ခေါ်ဆိုပြီး သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပြိုင်ပွဲဝင်များအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။
  • အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျင် အတည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။
  • ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ ၀၉:ဝo မှ ၁၇:၀၀) ဆက်သွယ်နိုင်ပါသည်။ သိုမဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများ၊ စာချုပ်ဖြင့် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် အာမခံအရောင်းကိုယ်စားလှယ်များ အားလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။