စကားဝိုင်းအစီအစဥ်
အခုအမှတ်တရအစီအစဉ်မှာတော့ အာရှပစိဖိတ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ထိပ်တန်းအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ CEO အမှုဆောင်အရာရှိချုပ် ဦးနိုင်အေးလင်းနဲ့အတူ လူနေမှုပတ်ဝန်းကျင်တွေအကြောင်း အဓိကထားရေးသားထားတဲ့ စာအုပ်တွေကနေ အောင်မြင်မှုများစွာကို ရရှိထားတဲ့ စာရေးဆရာမ၊ ဟောပြောသူ၊ ဆရာမမွန်ဟော်စီက ဆွေးနွေးပြောကြားပေးထားတာဖြစ်ပါတယ်။
Episode 2: ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ၊ တစ်ဦးချင်းစီအတွက်နဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေးအာမခံထားရှိတဲ့အခါမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ နောက်ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် ထားရှိပေးထားတဲ့ ကျန်းမာရေးအာမခံက ဘယ်လိုမျိုး အရေးပါသလဲ အစရှိတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာအသိအမှတ်ပြု Coach Certificate ရရှိထားပြီး Public Speaker တစ်ယောက်လည်းဖြစ်သလို Former Chief Human Resources Officer (CLM Hub) မ Laura Cho နဲ့အတူ စာရေးဆရာ၊ Speaker တစ်ယောက်လည်းဖြစ်တဲ့အပြင် ကျန်းမာရေးကဏ္ဍမှာလည်း အတွေ့အကြုံများစွာရှိတဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းတို့က ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။
Episode 3: ဒီအမှတ်တရ Episode မှာဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ Chief Distribution Officer မ Samantha Htoon နဲ့အတူ ပရူဒန်ရှယ်အာမခံရဲ့ Agency Unit Director တစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေကို Corporate Trainer အနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကောင်းဟိန်းစိုးတို့က ငွေရေးကြေးရေးအတွက် ကြိုတင်စီစဉ်ထားဖို့ အရေးကြီးတဲ့အကြောင်းနဲ့ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ငွေစုရတဲ့ အကြောင်းကိုလည်း ဆွေးနွေးပေးသွားမယ့်အပြင် ကိုယ့်ရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်ရုံတင်မက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာနိုင်စေဖို့ ငွေစုတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ အာမခံရဲ့ အခန်းကဏ္ဍကိုလည်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။