Hello!
အမြင့်ဆုံးရမှတ်
ဂိမ်းဆော့ရန်နှင့် ရမှတ်အများဆုံးရသူများစာရင်းကို ကြည့်ရန် အောက်ပါအချက်အလက်များအား ဖြည့်ပါ။ သင် ဒီကမ်ပိန်းမှာ ပါ၀င်ဖို့ အကျုံး၀င်သွားမှာ ဖြစ်ပါတယ်။ ရမှတ်အများဆုံး Player ဖြစ်အောင် ဆော့ပြီး ဆုလက်ဆောင်များ ကံထူးနိုင်ပါပြီ။
Hey PRUFlexi ကိုယ်စောင့်နတ်လေးကတော့ နတ်သဘင်အစည်းအဝေးတက်ဖို့ နောက်ကျနေလေရဲ့။ သူ နတ်သဘင်အစည်းအဝေးသွားတဲ့ လမ်းမှာ ကြုံလာနိုင်တဲ့ မတော်တဆမှုတွေအတွက် PRUFlexiprotect PLUS နဲ့ ကာကွယ်ပေးထားဖို့ အကာအကွယ်လေးတွေကို စိတ်ကြိုက်တပ်ဆင်လိုက်ပါ။
PRUFlexi ကိုယ်စောင့်နတ်လေးအတွက် အကာအကွယ်တွေ ရွေးချယ်တပ်ဆင်ပေးလိုက်ပါ။
မတော်တဆ ထိခိုက်မှုအတွက် အကာအကွယ် မတော်တဆ ထိခိုက်မှုအတွက် အကာအကွယ်ဆိုတာ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ဖြစ်ပြီး ဒီအကျိုးခံစားခွင့်မှာ ကိုယ်ပိုင်အာမခံနစ်နာကြေးပါဝင်ပြီး အာမခံဝယ်ယူထားသူအနေနဲ့ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့ရင် အာမခံအကျိုးခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
အများသယ်ယူပို့ဆောင်ရေးယာဥ်အတွင်း ထိခိုက်မှုအတွက် အကာအကွယ် အများသယ်ယူပို့ဆောင်ရေးယာဥ်အတွင်း ထိခိုက်မှုအတွက် အကာအကွယ်ဆိုတာ မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ဖြစ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေနဲ့ သွားလာနေတဲ့အချိန်မှာ မတော်တဆထိခိုက်မှုဖြစ်ပြီး အသက်သေဆုံးခဲ့ရင် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ကနေရနိုင်မယ့် အာမခံ နစ်နာကြေးပမာရဲ့ နှစ်ဆ ရရှိနိုင်မှာဖြစ်ပါတယ်။
နာမကျန်းဖြစ်ခြင်းအတွက် အကာအကွယ် နာမကျန်းဖြစ်ခြင်းအတွက် အကာအကွယ်ဆိုတာ အပြင်းအထန် နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ဖြစ်ပြီး အာမခံဝယ်ယူထားသူအနေနဲ့ ဒီအာမခံအကာအကွယ်အတွက် အကျုံးဝင်တဲ့ အပြင်းအထန်ရောဂါ အမျိုးအစားပေါင်း (၂၀) ထဲကနေ ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရရင် ဆေးကုသစရိတ်ကို ငွေကြေးထောက်ပံ့ပေးသွားမယ့် အကျိုးခံစားခွင့် ပါဝင်ပါတယ်။ ရောဂါကုသမှုအစောပိုင်းမှာ အာမခံထားရှိငွေရဲ့ (၂၀) ရာခိုင်နှုန်းကို ကြိုတင်ပေးအပ်သွားမှာဖြစ်ပါတယ်။ ရောဂါကုသမှုနှောင်းပိုင်းဆိုရင်တော့ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပြီဆိုရင် ကျန်နေတဲ့ (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။