thingyan-campaing-2024

ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ် ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်မှာ ပထမနှစ်အာမခံ ပရီမီယံကြေးရဲ့ ၂၀ ရာခိုင်နှုန်းအထိ လက်ဆောင်ရယူနိုင်မယ့်အခွင့်အရေးကို အရယူလိုက်ပါ!
အခုအစီအစဉ်ကို ပိုမိုသိရှိနိုင်ရန်
ဒီမှာစာရင်းသွင်းလိုက်ပါ။

စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ် အာမခံနဲ့ ကာကွယ်" အစီအစဉ်ကို ပရူဒန်ရှယ်အာမခံ (Prudential Myanmar) မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အစီအစဉ်ကာလသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ (“အစီအစဉ်ကာလ”) သတ်မှတ်ထားပါသည်။

 

အစီအစဉ်မှာ ပါ၀င်ပြီး နှစ်သစ်လက်ဆောင်ကို ဘယ်လိုရယူမလဲ?

မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယတွင် customer များအတွက် ပရူဒန်ရှယ်အာမခံက အောက်တွင်ဖော်ပြထားသော နှစ်သစ်လက်ဆောင် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

  • အာမခံပေါ်လစီ (၁၀) နှစ်စာ ဝယ်ယူပါက ပေးသွင်းရမယ့် ပထမ (၁) နှစ်တာ ပရီမီယံကြေး၏ (၇) ရာခိုင်နှုန်းနှင့် ညီမျှသော လက်ဆောင် (Shop.com.mm သို့ Oway travel သို့ Unique Voucher) ပြန်လည်ပေးအပ်ခြင်း
  • အာမခံပေါ်လစီ (၁၅) နှစ်စာဝယ်ယူပါက ပေးသွင်းရမယ့် ပထမ (၁) နှစ်တာ ပရီမီယံကြေး၏ ညီမျှတဲ့ (၁၅) ရာခိုင်နှုန်းနဲ့ ညီမျှသော လက်ဆောင် (Shop.com.mm သို့ Oway travel သို့ Unique Voucher)  ပြန်လည်ပေးအပ်ခြင်း
  • အာမခံပေါ်လစီ (၂၀) နှစ်စာဝယ်ယူပါက ပေးသွင်းရမယ့် ပထမ (၁) နှစ်တာ ပရီမီယံကြေး၏(၂၀) ရာခိုင်နှုန်းနဲ့ ညီမျှသော လက်ဆောင် (Shop.com.mm သို့ Oway travel သို့ Unique Voucher) ပြန်လည်ပေးအပ်ခြင်း

 

အစီအစဉ်ကာလ - ယခုအစီအစဉ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း ဝယ်ယူသည့် PRUFlexiprotect PLUS အသက်အာမခံပေါ်လစီများ (တစ်ဦးချင်းစီ) အတွက်သာ အကျုံးဝင်ပါသည်။

 

အစီအစဉ်၏ သတ်မှတ်ချက် စံချိန်စံနှုန်းများ - ဒီအစီအစဉ်မှာ ပါဝင်နိုင်ရန်အတွက် PRUFlexiprotect PLUS အသက်အာမခံပေါ်လစီ၏ ပရီမီယံကြေးကို နှစ်စဉ်ပေးသွင်းရန် လိုအပ်ပါသည်။

 

နှစ်သစ်လက်ဆောင် တွက်ချက်ခြင်း - ပရူဒန်ရှယ်အာမခံ customer အနေဖြင့် သက်ဆိုင်ရာ အာမခံပေါ်လစီအတွက် ပေးသွင်းရသည့် ပထမဆုံးနှစ်ပရီမီယံကြေးအပေါ် မူတည်ပြီး ရရှိသင့်သည့် နှစ်သစ်လက်ဆောင်ကို တွက်ချက်ပါသည်။ နှစ်စဉ်ငွေပေးချေမှုပုံစံနှင့် အာမခံကြေးပေးသွင်းသည့် PRUFlexiprotect PLUS အသက်အာမခံပေါ်လစီများ၏ ပထမဆုံးပေါ်လစီနှစ်အတွက်သာ နှစ်သစ်လက်ဆောင် လျှောက်ထားနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ပေးသွင်းသော ပရီမီယံကြေးများအတွက် အကျုံးမဝင်ပါ။

 

နှစ်သစ်လက်ဆောင် လျှောက်ထားခြင်းလုပ်ငန်းစဉ် - အာမခံပေါ်လစီ ဝယ်ယူပြီးသည့်အခါ customer အနေဖြင့် နှစ်သစ်လက်ဆောင်ရရှိရန်အတွက် ပရူဒန်ရှယ်အာမခံဆီမှာ လျှောက်ထားလို့ရပါပြီ။ customer များအနေဖြင့် လျှောက်ထားသည့်အခါတွင်လည်း အာမခံပထမနှစ်အတွက် ပရီမီယံကြေးပေးချေထားတဲ့အထောက်အထား ပြသရန် လိုအပ်ပါသည်။

 

နှစ်သစ်လက်ဆောင် ထုတ်ပေးခြင်း - တောင်းဆိုချက်ကို ပရူဒန်ရှယ်အာမခံဘက်က အတည်ပြုပြီးသည်နှင့် customer အတွက် သတ်မှတ်ထားသည့် နှစ်သစ်လက်ဆောင်ပမာဏကို ထုတ်ပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ထုတ်ပေးရာတွင်လည်း သက်ဆိုင်ရာ ပရူဒန်ရှယ် အာမခံအဖွဲ့သားများမှ တဆင့် ပေးအပ်သွားပါမည်။ အတည်ပြုပြီး ၁ လအတွင်း နှစ်သစ်လက်ဆောင်ကို ပရူဒန်ရှယ်အာမခံမှ ပေးအပ်သွားမည်ဖြစ်သည်။

 

ယခုအစီအစဉ်နှင့်ပတ်သက်ပြီးအာမခံပေါ်လစီလက်ခံခြင်းနှင့် ထုတ်ပေးခြင်းတို့သည် အာမခံဝယ်ယူနိုင်ရန်အတွက် ပရူဒန်ရှယ်အာမခံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအပေါ်တွင် မူတည်ပါသည်။ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် အာမခံပေါ်လစီထုတ်ပေးခြင်းကို ပယ်ချပိုင်ခွင့်ရှိသည်။

 

နှစ်သစ်လက်ဆောင်အားလုံးသည် အခြားသောအရာနှင့် လဲလှယ်ခွင့်မရှိပါ။ ပရူဒန်ရှယ်အာမခံအနေဖြင့် ကြိုတင်အသိပေးထားခြင်းမရှိဘဲ အခြားသော အလားတူ တန်ဖိုးချင်းညီမျှသောအရာနှင့် အစားထိုးလဲလှယ်ပိုင်ခွင့်ရှိသည်။

 

 

ပရူဒန်ရှယ်အာမခံအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်သော customer များစာရင်းကို ကြေညာပြီးလျှင် ထို customer များ အမှန်စင်စစ် အကျုံးဝင်ခြင်းရှိ/မရှိနှင့် အထောက်အထားများကို ထပ်မံအတည်ပြုစစ်ဆေးခွင့်ရှိသည်။

 

ယခုအစီအစဉ်ကို ပရူဒန်ရှယ်အာမခံအပြင် အခြားသော အမှတ်တံဆိပ် (သို့မဟုတ်) အဖွဲ့အစည်းက ပံ့ပိုးကူညီထားခြင်းမရှိပါ။

 

ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိဘများ၊ မိတ်ဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များနှင့် အေးဂျင့်များသည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပြိုင်ပွဲဝင်များ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သိုမဟုတ် အစီအစဉ်နှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။

 

ဤအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။

 

အစီအစဉ်မှ နှုတ်ထွက်ရန်ဆန္ဒရှိသူများသည် ပရူဒန်ရှယ်အာမခံသို့ အကြောင်းကြားရန်လိုအပ်ပါမည်။  ထိုသို့ အကြောင်းကြားရာတွင် ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့လည်းကောင်း သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပြိုင်ပွဲဝင်များအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။

 

ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။

 

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

 

ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။

 

အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ မနက် ၈ နာရီခွဲ မှ ည ၁၀ နာရီခွဲအတွင်း) ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။