အမေးအများဆုံး မေးခွန်းများ
YOMA Next App မှာ ပရူဒန်ရှယ်အာမခံရဲ့ ပရီမီယံကြေး (အာမခံပေးသွင်းငွေ) ဘယ်လိုပေးသွင်းရမလဲ။
ပေးသွင်းပုံအဆင့်ဆင့်ကို ဒီ Video (video link) မှာ ကြည့်ရှုနိုင်ပါတယ်။
အာမခံပေါ်လစီပိုင်ရှင်ကိုယ်စား တခြားသူမှ ပရီမီယံကြေး (အာမခံပေးသွင်းငွေ) ပေးသွင်းလို့ရပါသလား။
အာမခံပရီမီယံကြေးပေးသွင်းသူသည် အာမခံပေါ်လစီပိုင်ရှင်၏ တိုက်ရိုက် (သို့) ဆက်စပ်မိသားစုဝင်ဖြစ်လျှင် ကြိုတင်အကြောင်းကြားထားပြီး ပေးသွင်းလို့ရနိုင်ပါတယ်။ ပရူဒန်ရှယ်အာမခံမှလည်း အတည်ပြု စစ်ဆေးမှုများပြုလုပ်သွားပါမည်။
YOMA Next App မှတစ်ဆင့်ပေးသွင်းနိုင်သည့် ပရူဒန်ရှယ်အာမခံရဲ့ အာမခံအမျိုးအစားတွေက ဘာတွေလဲ။
ပရူဒန်ရှယ်အာမခံမှ အာမခံအမျိုးအစားများ
- PRUFlexiprotect Plus
- PRUFlexiprotect
- PRUFlexiprotect CI
- PRUScholar
- PRUSaver
- PRUHealth ကို ပေးသွင်းနိုင်ပါတယ်။
ပရူဒန်ရှယ်အာမခံပေါ်လစီ ဘယ်လိုအခြေအနေတွေမှာ YOMA Next App မှတစ်ဆင့် အာမခံပရီမီယံကြေးပေးသွင်းလို့ရလဲ။
- ပေါ်လစီတည်မြဲနေစဥ် အခြေအနေ (In force Policy)
- ပေါ်လစီပြန်လည်တည်မြဲစေရန် အခြေအနေ (Lapsed Policy)
- ပေါ်လစီအဆိုလွှာတင်သွင်းပြီး အခြေအနေ (Proposal Policy)
- ပေါ်လစီအစောပိုင်း အခြေအနေ (Early Submission)
အခက်အခဲတစ်စုံတစ်ရာ (သို့မဟုတ်) မိမိသိလိုသည့်အကြောင်းအရာများရှိပါက မည်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသလဲ။
သိရှိလိုတဲ့အကြောင်းအရာများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်ဆီ ဆက်သွယ်စုံစမ်းမေးမြန်းခြင်း (သို့) ပရူဒန်ရှယ်အာမခံ Hotline နံပါတ် ၀၉၇၇၀၁၁၀၀၁၀ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
YOMA Next App မှတစ်ဆင့် ငွေပေးသွင်းပြီးပါက ပရူဒန်ရှယ်အာမခံမှ ငွေလက်ခံရရှိကြောင်း Customer အနေနဲ့ ဘယ်လိုသိနိုင်မလဲ။
အာမခံပရီမီယံကြေးပေးသွင်းမှုအောင်မြင်ကြောင်း ပရူဒန်ရှယ်အာမခံမှလက်ခံရရှိပြီး တစ်ရက်အကြာတွင် အာမခံပေါ်လစီပိုင်ရှင်ဆီသို့ ငွေလက်ခံရရှိကြောင်း SMS/မက်ဆေ့ချ် ပေးပို့သွားပါမည်။
အာမခံပေါ်လစီနံပါတ်မှားယွင်းဖြည့်သွင်းမိပါက ဘယ်လိုပြန်လည်ပြင်ဆင်နိုင်မလဲ။
ငွေပေးသွင်းမှုမတိုင်မှီ အချက်အလက်များ မှန်ကန်စေရန် သေချာစွာ စစ်ဆေးမှုပြုလုပ်ပေးပါ။ မှားယွင်းဖြည့်သွင်းမိပါက သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်ဆီ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။
Indirect Family Relationship အားရွေးချယ်ထားသည့် Customer များအနေဖြင့် အချက်အလက် တိုက်ဆိုင်စစ်ဆေးမှု မှားယွင်းပါက မည်သို့ဆက်သွယ်အကြောင်းကြားဆောင်ရွက်ပေးမည်နည်း။
အချက်အလက် တိုက်ဆိုင်စစ်ဆေးမှု မှားယွင်းပါက သက်ဆိုင်ရာ ပရူဒန်ရှယ်အာမခံအရောင်းကိုယ်စားလှယ်မှ အာမခံပေါ်လစီပိုင်ရှင်ထံသို့ ဆက်သွယ်အကြောင်းကြားပြီး ဆောင်ရွက်သွားပါမည်။