စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
"Corporate Referral Program” အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်ပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး Sales close ဖြစ်သွားသော လုပ်ငန်း/ ကုမ္ပဏီ များ (“Referees") ကို Refer လုပ်ပေးတဲ့ ပရူဒန်ရှယ်အာမခံရဲ့ လက်ရှိ customer များ (Referrers) က အောက်ပါအချက်များနှင့် ကိုက်ညီပါက ဆုလက်ဆောင်များ ရရှိနိုင်ပါမည်။ အစီအစဉ်ကာလမှာ၂၀၂၅ ဧပြီလ (၇) ရက်နေ့ မှ ၂၀၂၅ သြဂုတ်လ (၃၁) ရက်နေ့၊မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ သတ်မှတ်ထားပါသည်။ ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် Refer လုပ်ပေးသူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များအား သဘောတူလိုက်နာပြီးဖြစ်သည်။
အစီအစဉ်တွင် ပါဝင်ရန်နည်းလမ်းများ
- Referrer များသည် Referee ရဲ့ အသေးစိတ်အချက်အလက်များကို သတ်မှတ်ထားသော Refer ဖောင်မှတဆင့် ဖြည့်စွက်ပေးရန် လိုအပ်ပါမည်! https://forms.office.com/r/qpz6sGkh5v
- ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံအကြံပေးတွေက အကောင်းဆုံးဝန်ဆောင်မှုများကို ပံ့ပိုးပေးပါမည်။
- Sales Close ဖြစ်သွားတဲ့ Referral တိုင်းအတွက် ဆုလက်ဆောင်များရယူနိုင်ပါသည်။
အစီအစဉ်တွင်ပါ၀င်ရန်သတ်မှတ်ချက်များ
- ဤအစီအစဉ်တွင် ပရူဒန်ရှယ်အာမခံမှ လက်ရှိပေါ်လစီဝယ်ယူထားသော ကုမ္ပဏီများမှ Customerများ (CEOs, Founders, Managing Directors, HR Directors, HR Manager, and HR Executives, Compensation & Benefits Managers, and Employee Wellness Specialists) အကျုံးဝင်ပါသည်။
- အစီအစဉ်တွင်ပါဝင်ရန် Referees များသည်ပရူဒန်ရှယ်အာမခံမှ အောက်ပါအာမခံအကာအကွယ်များကို အစီအစဥ်ကာလအတွင်း အနည်းဆုံး မြန်မာငွေ ၅၀၀,၀၀၀ ကျပ်မှ စ၍ ဝယ်ယူရပါမည်။
⮚ PRUGroup Life
⮚ PRUGroup Health
⮚ PRUFlexiprotect1
အာမခံဝယ်ယူသည့်ပမာဏပေါ်မူတည်ပြီး ပေးအပ်မည့်ဆုလက်ဆောင်များ
No. |
Business Closure (Premium Range) |
Successful Referral Rewards |
1 |
500,000 – 999,999 MMK |
ငွေ ၅ သောင်းကျပ်နှင့်ညီမျှသော ဆုလက်ဆောင် |
2 |
1,000,000 – 5,000,000 MMK |
ငွေ ၁ သိန်းကျပ်နှင့်ညီမျှသော ဆုလက်ဆောင် |
3 |
5,000,001 – 10,000,000 MMK |
ငွေ ၂ သိန်းကျပ်နှင့်ညီမျှသော ဆုလက်ဆောင် |
4 |
10,000,001 – 20,000,000 MMK |
ငွေ ၂ သိန်းကျပ်နှင့်ညီမျှသော ဆုလက်ဆောင် |
5 |
20,000,001 – 40,000,000 MMK |
ငွေ ၂ သိန်းကျပ်နှင့်ညီမျှသော ဆုလက်ဆောင် |
Referrers များအနေနဲ့ Sales Close သည့် အာမခံအစီအစဥ် ငွေပမာဏပေါ်မူတည်ပြီး လက်ဆောင်ကဒ်များ သို့မဟုတ် အသီးနှင့်အစားအသောက်ခြင်းများစတဲ့ အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ပါမည်။
ဆုလက်ဆောင် ထုတ်ပေးခြင်း
- ဆုများကို ပရူဒန်ရှယ်အာမခံရဲ့ အာမခံအကြံပေးမှ ဆုလက်ဆောင်ရရှိသည့် Referrers များကို အာမခံအစီအစဥ်ရောင်းရပြီးချိန်မှ (၃) လ အတွင်း ပေးအပ်ပါမည်။
- ဆုလက်ဆောင်များရယူရန် အကျုံးဝင်သော Referrers များကို ပရူဒန်ရှယ်အာမခံမှ ဖုန်း (သို့မဟုတ်) Messenger ဖြင့် ဆက်သွယ်ပါမည်။
- Referrers များသည် ဆက်သွယ်အကြောင်းကြားပြီးချိန်မှ (၁) တစ် လအတွင်း ပြန်လည်ဆက်သွယ်ရန် လိုအပ်မည်။ သို့မဟုတ် ဆုအခွင့်အလမ်းကို ဆုံးရှုံးမည်ဖြစ်သည်။
- သတ်မှတ်ကာလအတွင်း Referrers များထံသို့ ဆက်သွယ်၍ မရနိုင်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာအချက်အလက်များ မမှန်ကန်ပါက ဆုလက်ဆောင်ကို ဆုံးရှုံးမည်။
သတ်မှတ်ချက်များ
- ပရူဒန်ရှယ်အာမခံအနေဖြင့် ကြိုတင်အသိပေးထားခြင်းမရှိဘဲ အခြားသော အလားတူ တန်ဖိုးချင်းညီမျှသောအရာနှင့် အစားထိုးလဲလှယ်ပိုင်ခွင့်ရှိသည်။ (မမျှော်မှန်းနိုင်သော အခြေအနေ အရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူ ဆုများကို အစားထိုးပေးနိုင်သည်။)
- ယခုအစီအစဉ်ကို ပရူဒန်ရှယ်အာမခံအပြင် အခြားသော အမှတ်တံဆိပ် (သို့မဟုတ်) အဖွဲ့အစည်းက ပံ့ပိုးကူညီထားခြင်းမရှိပါ။
- ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများဖြစ်သည့် Referrers များကိုလည်း ထပ်မံအတည်ပြုခွင့်ရှိမည်ဖြစ်သည်။
- ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကို မဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။
- Referees များသည် ယခင်က ပရူဒန်ရှယ်အာမခံ၏ အာမခံဝန်ဆောင်မှုများကို ရယူထားခြင်းမရှိသေးသောCustomer များ ဖြစ်ရမည်။
- ကိုယ် ကိုယ်တိုင်ပိုင်ဆိုင်သော လုပ်ငန်း (သို့မဟုတ်) ကုမ္ပဏီကို ကိုယ်တိုင် Refer ပြန်လုပ်ခွင့် မရှိပါ။
- ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်၍ မရနိုင်ပါ။
- အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း 09 770 110010 (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။