အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် လူကြီးမင်း ချစ်ခင်မြတ်နိုးရသူတွေကို အစွမ်းကုန် ကာကွယ်ပေးထားနိုင်မယ့် အစီအစဉ်တစ်ခုကိုတော့ ရွေးချယ်ပြီး အနာဂတ်အတွက် အပူအပင်ကင်းကင်း နဲ့ စိတ်ချထားနိုင်ပါတယ်။
ကျွန်ုပ်တို့ ဘာကြောင့် လက်တွဲဆောင်ရွက်ခဲ့တာလဲ

PRUHealth အာမခံနဲ့ ကြိုတင်တားဆီး၊ ကာကွယ်ကြရအောင်
Yoma Bank Branches
- Ahlone Branch
- Bayintnaung Branch
- Botahtaung Branch
- FMI Center Branch
- Hlaing Tharyar Branch
- Insein Branch
- Kyauktada Branch
- Lanmadaw Branch
- Mayangone Branch
- Mingalarzay Branch
- Myanmar Plaza
- Myaynigone Branch
- Sawbwargyi Gone Branch
- South Okkalapa Branch
- Thinkangyun Branch
- Yangon Main Branch
- Yankin Branch
- 78th Street Branch (Mandalay)
- 62nd Street (Manaw Hari) Branch
- Kywesekan Branch
- Mandalay Main Branch
- Manmyo Zay Branch
- Saing Tang Branch
- Monywa Branch
- Pyinmanar Branch
ကျွန်ုပ်တို့အကြောင်း
ရိုးမဘဏ်အကြောင်း
၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်သည် တစ်ဦးချင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများနှင့် ပြည်တွင်း ကော်ပို ရိတ်လုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန် ချေးငွေအမျိုးမျိုး၊ စီးပွားရေးဆိုင်ရာ
ဝန်ဆောင်မှုများနှင့် အပ်ငွေစာရင်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ နှစ်ပေါင်း (၂၅)
နှစ်ကျော်ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်အဖြစ် ရပ်တည်ခဲ့သည့် ရိုးမဘဏ်သည် လူ့စွမ်းအား
အရင်းအမြစ်၊ နည်းပညာ၊ ကော်ပိုရိတ် အုပ်ချုပ်ရေး စသည့် အဓိကကျသည့်အခန်းကဏ္ဍများတွင်
မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင်
ရိုးမဘဏ်သည် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ် (၅) ဘဏ် စာရင်းတွင် ပါဝင်နေပြီး
ဝန်ထမ်းပေါင်း (၃,၀၀၀) ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း (၈၀) ကျော် ဖွင့်လှစ်ထားသည်။
ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ မိသားစုများနှင့် လုပ်ငန်းများ၏လိုအပ်ချက်ကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသော ရိုးမဘဏ်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရိုးမဘဏ်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလုံးသည် ဘဏ်၏ အမြုတေတန်ဖိုးများဖြစ်သော ဝန်ဆောင်မှုရယူသူ၊ သမာသမတ်ရှိမှု၊ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်ကြံဆမှုတို့အပေါ် အခြေတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ တည်ထောင်ခဲ့ပြီး ဘဏ်၏ဝန်ဆောင်မှု အခန်းကဏ္ဍတွင် မဟာဗျူဟာကျသော အားသာချက်များကို ဖန်တီးပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက www.yomabank.com.mm တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
Prudential Myanmar Life Insurance အကြောင်း
Prudential Myanmar Life Insurance သည် Prudential Corporation Asia လက်အောက်ရှိ အပိုင်
အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့်စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။
ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူအားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်မည် ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်ရန် ကတိကဝတ်ပြုထားသည်။
အသေးစိတ်ထပ်မံ သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက်နှင့် Facebook
စာမျက်နှာ တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။