
သင့်ကို စောင့်ရှောက်မှုပေးနိုင်တဲ့ အသက်အာမခံ
သင် ဘယ်သူဘယ်ဝါဖြစ်စေ၊ သင် ကာကွယ်ပေးလိုတဲ့သူ ဘယ်သူ့ကိုမဆိုဖြစ်စေ လုံခြုံစိတ်ချတဲ့ စောင့်ရှောက်မှုရရှိအောင် စီမံပေးထားတဲ့ အသက်အာမခံ အစီအစဉ်တွေ ဖြစ်ပါတယ်
အသက်အာမခံအကြောင်း ပိုပြီး သိနားလည်စေဖို့
ကျွန်ုပ်တို့အားလုံး အနာဂတ်မှာ ဘယ်တွေဖြစ်လာမလဲဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင် အပါအဝင် သင်ချစ်ခင်မြတ်နိုးရသူတွေရဲ့ အနာဂတ်ကို တတ်နိုင်သလောက် အစွမ်းကုန် ကာကွယ်ပေးထားနိုင်မယ့် အစီအစဉ်တစ်ခုကိုတော့ ရွေးချယ်ထားနိုင်ပါတယ်

သင်ချစ်မြတ်နိုးရသူတွေကို ကာကွယ်ပေးနိုင်
အသက်အာမခံဆိုတာ သင်ချစ်မြတ်နိုးရသူတွေကို သူတို့အနားမှာ အတူ မရှိနေနိုင်ရင်တောင် ငွေရေးကြေးရေးအရ လုံခြုံစိတ်ချမှု ပေးစွမ်းပြီး ကာကွယ်ပေးထားနိုင်တဲ့အတွက် ကိုယ်ချစ်မြတ်နိုးရသူတွေနဲ့ အခိုက်တန့်တိုင်းကို အတူတကွဖြတ်ကျော်ပြီး စိတ်ချလက်ချ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါတယ်။

သင့်ရဲ့ ငွေစုဆောင်းလိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်
ဘယ်သူပဲဖြစ်ဖြစ် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ချေးငွေတွေကို ပေးဆပ်ရာကနေ အစပြုလို့ ငွေရေးကြေးရေး အပိုင်းမှာ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်တဲ့ အသက်အာမခံ အကာအကွယ်တစ်ခုကို ရွေးချယ်ရယူထားနိုင်ပါတယ်။

သင့်ကလေးရဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်
အသက်အာမခံဟာ သင့်ကလေးအတွက် ပညာရေးလက်ဆောင်အဖြစ်လည်း ပေးနိုင်တဲ့အတွက် တောက်ပတဲ့ အနာဂတ်မှာ ထူးချွန်သူတစ်ဦးဖြစ်စေဖို့ ခြေလှမ်းတစ်ခု စတင်ထားပြီးသား ဖြစ်နေမှာပါ။